ရတနာသုံးပါ ပါဠိ၊ အဓ်ပ္ပါယ်
ရတနာသုံးပါ ပါဠိ၊ အဓ်ပ္ပါယ်
Date:
Genres:ဘုရားဂုဏ်​​တော်​ (၉) ပါး ပါဠိ က္ကုတိပိ ​သော ဘဂဝါ- -အရဟံ -သမ္မာသ​မ္ဗု…
ဘုရားဂုဏ်​​တော်​ (၉) ပါး ပါဠိ
က္ကုတိပိ ​သော ဘဂဝါ-
-အရဟံ -သမ္မာသ​မ္ဗု​ဒ္ဓေါ 
-ဝိဇ္ဇာစရဏသမ္ပံ​န္နော 
-သုဂ​သော
-​လောကဝိဒူ
-အနုတ္တ​ရော ပုရိသဒမ္မသာရထိ
-သတ္တာ ​​ဒေဝမနုဿာနံ
-​ဗု​ဒ္ဓေါ
-ဘဂဝါ။
(၁) ​သောဘဂဝါ၊ ထိုမြတ်​စွာဘုရားသည်​။ က္ကုတိပိ၊ ဤသို့ြ​ဗဟ္မာ နတ်​ လူ သုံးဘုံသူတို့၏ ပူ​ဇော်​အထူးကို ခံယူ​ ​တော်​မူထိုက်​​သော​ကြောင့်​။ အရဟံ အရဟ မည်​​တော်​မူသည်​။ 
(၂) သောဘဂဝါ၊ ထိုမြတ်​စွာဘုရားသည်​။ က္ကုတိပိ၊ ဤသို့ သိ​စေရာမှန်​သမျှကို အကြွင်းအကျန်​မရှိ ဆရာမလို ကိုယ်​​တော်​တိုင်​ သိ​တော်​မူ​သော​ကြောင့်​။ သမ္မာသမ္ဗုဒ္ဓ မည်​​နော်​မူ၏။ 
(၃) သောဘဂဝါ၊ ထိုမြတ်​စွာဘုရားသည်​။ က္ကုတိပိ၊ ဤသို့ အသိဥာဏ်​ဝိဇ္ဇာ၊ အကျင့်​စရဏတို့နှင့်​ ပြည့်​စုံ​သောမူ ​သော​ကြောင့်​။ ဝိဇ္ဇာစရဏသမ္ပ​န္နော၊ ဝိဇ္ဇာစရဏသမ္ပန္နမည်​​တော်​မူ၏။ 
(၄) ​သောဘဂဝါ၊ ထိုမြတ်​စွာဘုရားသည်​။ က္ကုတိပိ၊ ဤသို့​ကောင်း​သောစကားကို.ဆို​တော်​မူတတ်​​သော​ကြောင့်​ သုဂ​တော၊ သုဂတ မည်​​တော်​မူ၏။ 
(၅) သောဘဂဝါ၊ ထိုမြတ်​စွာဘုရားသည်​။ က္ကုတိပိ၊ ဤသို့ သတ္တ​လောက၊ သင်္ခါရ​လောက၊ သြကာသ​လောက ဟူ​သော ​လောကသုံးပါးကို ​ကောင်းစွာ သိမြင်​​တော်​မူ​သော​ကြောင့်​။ ​လောကဝိဒူ၊ ​လောကငိဒူ.မည်​​တော်​ မူ၏။ 
(၆) သောဘဂဝါ၊ ထိုမြတ်​စွာဘုရားသည်​။ က္ကုတိပိ၊ ဤသို့ အလုံးစုံ​သော သတ္တဝါတို့ကို အတုမရှိ ယဉ်​​ကျေး​ ​အောင်​ ဆုံးမ​တော်​မူတတ်​​သော​ကြောင့်​။ အနုတ္တ​ရော ပုရိသဒမ္မသာရထိ၊ အနုတ္တ​ရော ပုရိတဒမ္မသာရထိ မည်​​တော်​မူ၏။ 
(၇) သောဘဂဝါ၊ ထိုမြတ်​စွာဘုရားသည်​။ က္ကုတိပိ၊ ဤသို့ လူ နတ်ြ​ဗဟ္မာ သတ္တဝါအားလုံးတို့၏ ​ရှေ့သွားလမ်း ပြ ဆရာတစ်​ဆူဖြစ်​​တော်​မူ​သော​ကြောင့်​။ သတ္တာ​ဒေဝမနုဿာနံ၊ သတ္တာ​ဒေဝ မနုဿာန မည်​​တော်​မူ၏။ 
(၈) သောဘဂဝါ၊ ထိုမြတ်​စွာဘုရားသည်​။ က္ကုတိပိ၊ ဤသို့ သစ္စာ​လေးပါးတရားကို ပိုင်းခြားထင်​ထင်​ သိမြင်​​တော်​ ​တော်​မူ​သော​ကြောင့်​။ ​ဗု​ဒ္ဓေါ မည်​​တော်​မူ၏။ 
(၉) သောဘဂဝါ၊ ထိုမြတ်​စွာဘုရားသည်​။ က္ကုတိပိ၊ ဤသို့ ဘုန်း​တော်​အန္နတနှင့်​ ပြည့်​စုံ​တော်​မူ​သော​ကြောင့်​ လည်း။ ဘဂဝါ၊ ဘဂဝါ မည်​​တော်​မူ၏။  
ဗုဒ္ဓဂုဏ်​​တော်​ က​ဗျာ .....​ဗုဒ္ဓ​ကြောင်းရာ ​ကောင်းစွာသိမှ၊ .....​ဗုဒ္ဓကိုလည်း ကြည်​ညိုမည်​။ .....ကြည်​ညိုသူ​တွေ ​ဟောညွှန်​ပြမှ၊ .....စိတ်​ကနှစ်​ခြိုက်​ လိုက်​ကြသည်​။ .....ဂုဏ်​​တော်​ တန်​တန်​ မှန်​မှန်​ရလို့၊ .....ခဏ ခဏ ရွတ်​သင့်​သည်​။ .....ရွတ်​​သော်​ရန်​စွယ် အန္တရာယ်​ကင်းလို့၊ .....​ကောင်းခြင်းသုခ ရလိမ့်​မည်​။ 
တရားဂုဏ်​​တော်​ (၆) ပါး ပါဠိ
-သွာက္ခာ​တော ဘဂဝတာ ဓ​မ္မော 
-သန္ဒိဋ္ဌိ​ကော -အကာလိ​ကော
-ဧဟိပဿိ​ကော
-သြပ​နေယျိ​ကော
-ပစ္စတ္တံ ​ဝေဒိတေ​ဗ္ဗာ ဝိညူဟိ။
(၁) ဘဂဝ​တာ၊ မြတ်​စွာဘုရားသည်​။ ဓ​မ္မော၊ မဂ်​​လေးတန်​,ဖိုလ်​​လေးတန်​,နိဗ္ဗာန်​ပရိယတ်​,ဆယ်​ပါး​သောတရား ​တော်​မြတ်​ကို။ သွာက္ခာ​တော၊ ​ကောင်းစွာ ​ဟောကြား​တော်​မူအပ်​ပါ​ပေ၏။ 
(၂) သန္နိဋ္ဌိ​ကော၊ ကျင့်​ဆဲခဏ ယခုဘဝ၌ပင်​လျှင်​ သိမြင်​ခံစားရ​သော တရား​တော်​ဖြစ်​ပါ​ပေ၏။ 
(၃) အကာလိ​ကော၊ အခါမလင့်​ ​ကောင်းကျိုးချမ်းသာကို ​ပေးတတ်​ပါ၏။ 
(၄) ဧဟိပဿိ​ကော၊ လာပါ, ရှုပါ, ကျင့်​ကြံပါ ဟု ဖိတ်​​ခေါ်ထိုက်​​သောတရား ဖြစ်​​တော်​မူပါ​ပေ၏။ 
(၅) သြပ​နေယျိ​ကော၊ ကိုယ်​၌မကွာ ကပ်​၍​ဆောင်​ထားအပ်​​သော တရား​တော်​ဖြစ်​ပါ​ပေ၏။ 
(၆) ဝိညူဟိ၊ ပညာရှိတို့သာလျှင်​။ ပစ္စတံ ​ဝေဒိတေ​ဗ္ဗာ၊ ကိုယ်​စီကိုယ်​င ခံစားသိမြင်​ရ​သော တရား​တော်​ဖြစ်​ပါ​ပေ ၏။ 
တရားဂုဏ်​​တော်​ က​ဗျာ .....တရားစစ်​မှန်​ ကျင့်​ကြံကြမှ၊ .....ချမ်းသာသုခ ရနိုင်​မည်​။ .....တရားတု​တွေ ကျင့်​​နေကြလို့ .....​ဗုဒ္ဓဝါဒ ပြယ်​ရသည်​။ .....ယခုမြန်​မြန်​ အမှန်​လမ်းသို့၊ .....တဖန်​လှမ်းဖို့ ချိန်​​တော်​ပြီ။ .....သို့မှတိုင်းပြည်​ ဘာသာ​ရေး​ကြောင့်​၊ .....သာယာ​အေး​ဆေး ရှိလိမ့်​မည်​။ တရားဂုဏ်​ အာရုံပြုရကျိုး .....တရားမြတ်​ဂုဏ်​ အာရုံပြုလို့၊ .....မပြတ်​မလပ်​ ​အောက်​​မေ့လျှင်​။ .....အမြဲတမ်းသာ ​ကောင်​စွာနိုးလို့၊ .....ကြီးမားဖွံ့ဖြိုး အကျိုးထင်​။ 
သံဃာဂုဏ်​​တော်​ (၉) ပါး ပါဠိ
-သုပ္ပဋိပ​န္နော ဘဂဝ​တော သာဝသံ​​ဃော
-ဥဇုပ္ပဋိပ​န္နော ဘဂဝ​တော သာဝသံ​​ဃော
-ဥာယပ္ပဋိပ​န္နော ဘဂဝ​တော သာဝသံ​​ဃော 
-သာမီစိပ္ပဋိပ​န္နော ဘဂဝ​တော သာဝသံ​​ဃော
-ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသပုဂ္ဂလာ ဧသ ဘဂဝ​တော သာဝကသံ​ဃော
-အာဟု​နေ​ယျော
-ပါဟု​နေ​ယျော
-ဒက္ခိ​ဏေ​ယျော
-အဉ္ဇလိကရဏီ​ယော
-အနုတ္တရံ ပုည​က္ခေတ္တံ ​လောကဿ။ 
(၁) ဘဂဝ​တော၊ မြတ်​စွာဘုရား၏။ သာဝကသံ​ဃော၊ သမ္မုတိ,အရိယာ နှစ်​ဖြာ​သော တပည့်​သား သံဃာ​တော်​ အ​ပေါင်းသည်​။ သုပ္ပဋိပ​န္နော၊ သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ်​ကို ​ကောင်းစွာကျင့်​ကြံ​တော်​မူတတ်​ပါ၏။ 
(၂) ဘဂဝ​တော၊ မြတ်​စွာဘုရား၏။ သာဝကသံ​ဃော၊ သမ္မုတိ,အရိယာ နှစ်​ဖြာ​သော တပည့်​သား သံဃာ​တော်​ အ​ပေါင်းသည်​။ဥဇုပ္ပဋိပ​န္နော၊ ရိုးသား ​ဖြောင့်​မတ်​စွာ ကျင့်​ကြံ​တော်​မူတတ်​ပါ၏။ 
(၃) ဘဂဝ​တော၊ မြတ်​စွာဘုရား၏။ သာဝကသံ​ဃော၊ သမ္မုတိ,အရိယာ နှစ်​ဖြာ​သော တပည့်​သား သံဃာ​တော်​ အ​ပေါင်းသည်​။ဥာယပ္ပဋိပ​န္နော၊ နိ​ဗ္ဗာန်​အလို့ဌာ ကျင့်​ကြံ​တော်​မူတတ်​ပါ၏။ 
(၄) ဘဂဝ​တော၊ မြတ်​စွာဘုရား၏။ သာဝကသံ​ဃော၊ သမ္မုတိ,အရိယာ နှစ်​ဖြာ​သော တပည့်​သား သံဃာ​တော်​ အ​ပေါင်းသည်​။သာမီစိပ္ပဋိပ​န္နော၊ အရိုအ​သေခံထိုက်​​အောင်​ ကျင့်​​တော်​မူတတ်​ပါ၏။ .....ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ၊ မဂ်​ဖိုလ်​အားဖြင့်​ ဤ​လေးပါး​သော အစုံတို့သည်​။ အဋ္ဌပုရိသပုဂ္ဂလာ၊အရိ ယာပုဂ္ဂိုလ်​ရှစ်​​ယောက်​တို့ မည်​ပါ​ပေကုန်​၏။ ဘဂဝ​တော၊မြတ်​စွာဘုရား၏၊ဧသ - ဧ​သော သာဝကသံ​ဃော၊ ဤ​လေးစုံရှစ်​ပါး တပည့်​သား သံဃာ​တော်​မြတ်​ အ​ပေါင်းသည်​- 
(၅) အာဟု​နေ​ယျော၊ ​အ​ဝေးမှ​ဆောင်​ယူ၍ လှူဒါန်းအပ်​​သောပစ္စည်း​တို့ကို အလှူခံထိုက်​၏။ 
(၆) ပါဟု​နေ​ယျော၊ ဧည့်​သည်​အတွက်​ အထူးစီမံထား​သော ပစ္စည်းတို့ကို အလှူခံထိုက်​၏။ 
(၇) ဒက္ခိ​ဏေ​ရော၊ ကံ-ကံ၏ အကျိုးကိုယုံကြည်​၍ လှူအပ်​​သောအလှူကိုလည်း ခံယူ​တော်​မူထိုက်​ပါ​ပေ၏။ 
(၈) အဉ္ဇလိကရဏီ​ကော၊ လူနတ်ြ​ဗဟ္မာ တို့၏ လက်​အုပ်​ချီခြင်းကို ခံယူ​တော်​ မူထိုက်​ပါ​ပေ၏။ 
(၉) ​လောကဿ၊ လူနတ်ြ​ဗဟ္မာ သတ္တဝါအ​ပေါင်း၏။ အနုတ္တရံ၊ အတုမရှိမြတ်​​သော။ ပုည​က္ခေတ္တံ၊ ကုသိုလ်​မျိုး​စေ့ကို စိုက်​ပျိုးချရာ လယ်​ယာ​မြေ​ကောင်းသဖွယ်​လည်း ဖြစ်​​တော်​မူပါ​ပေ၏။ 
သံဃာဂုဏ်​​တော်​ က​ဗျာ .....ဘုရားရှင်​​တော်​ သား​တော်​များဟု၊ မှတ်​သား​ခေါ်ရ သံဃာမည်​သည်​။ တရားမူမှန်​ မပျက်​စီးဖို့၊ သီးသီး​ဆောင်​ရ ကျင့်​ရသည်​။ ......သံယာဆိုတာ နှစ်​မျိုးရသည့်​၊ ပရမတ္တ သမ္မုတီ။ တရားသိကာ ရိယာမြတ်​မှ၊ ပရမတ္တ​ခေါ်ရသည်​။ .....သမ္မုတိဆို ထိုသံဃာ၌၊ ဆိုး​ကောင်းနှစ်​ဝ ရှိကြသည်​။ အ​ကောင်းကိုသာ ကိုးကွယ်​ကြဖို့၊ စိတ်​က နိစ္စ ထားရမည်​။ .....အ​ကောင်း​တွေကို အသက်​​ပေးလို့၊ သာသနာ​ရေး ​ဆောင်​သင့်​ပြီ။ မ​ဆောင်​နိုင်​​သော်​ ဘာသာပျက်​၍၊ သာသနာသက်​ ဆုံး​တော့မည်​။ သံဃာဂုဏ်​ အာရုံပြုရကျိုး .....သံဃာမြတ်​ဂုဏ်​ အာရုံညွှတ်​လို့၊ မပြတ်​မလပ်​ ​အောက်​​မေ့လျှင်​။ အမြဲတမ်းသာ ​ကောင်းစွာနိုးလို့၊ ကြီးမားဖွံ့ဖြိုး အကျိုးထင်​။
Previous Post Next Post